မှောက်ဖဲတချပ်ကို ဆွဲမလှန်ရဲ
ပစ်ဖဲတချပ်ကိုလည်း မယူရဲ
သိပ်သတ္တိနည်းတဲ့ကောင်ကိုပေါ့
"မအိပ်သေးဘူးလား မောင်?"တဲ့။
ကိုယ့်အရိပ်နဲ့ကိုယ့်စိတ်တောင်
အခါခါ စည်းဝါးမကိုက်ခဲ့။
ညညဆို
ကျုပ်စိတ်က ကျုပ်ကိုလွှမ်းမိုးတဲ့အထိ
အိမ်မက်တွေ နုံးချိသွားအောင်
အိပ်မိနေတုန်း။
စိတ်ကူးရဲ့ ရွက်လွှင့်သံ
တခါတရံ
ညဉ့်နက်မှ ဇာတ်ကွက်ပိုဆန်တဲ့ဘဝ။
လင်းနို့တစ်ကောင်ရဲ့ အတောင်ပံခတ်သံပေါ့
ညဉ့်ဦးယံက ကဗျာတွေဆီပျံရန်
စိတ်ကူးနံရံထက်က
အချစ် လှလှလေးတွေက
ဝေး.....သွားလိုက်။
နီး.......လာလိုက်။
ခေတ်ဟောင်းနဲ့ ခေတ်သစ်ကြားက
ကဗျာသံစဉ် တီးလုံးတွေက
ကျုပ်ရင်ထဲမှာ
တက်လိုက်........။
ကျလိုက်...........။
ကျုပ်တီးလိုက်တဲ့ အချစ်က
ကီးလွဲတယ်။
ကျုပ်ရေးဖြစ်တဲ့ အချစ်က
ရှတတ ဖြစ်တယ်။
ဒါပေမယ့်
ကျုပ်အလွမ်းတွေက "ထိ"ရင်
"ပြတ်"...တယ်။
မျက်နှာခြင်းဆိုင် သဘောထားတွေပါ
ရင်ခြင်းဆက် နှလုံးသားတွေလို
ရင်ခုန်ခြင်း သံစဉ်
ခံစားမှု စီးဆင်းနှုန်း
အတွေးအခေါ် ကာရန်
အရာအားလုံး စည်းချက်မမှန်တော့သောအခါ
ခဏလေး ကံကြမ္မာ!
ရှေ့မှတ်တိုင် "ဦးသီ"ပါတယ်။
No comments :
Post a Comment