Saturday, February 2, 2013

"♥♥♥အလင်းတစ်စက်ရေ♥♥♥"

တနေ့တနေ့
မနက်မိုးသောက်တိုင်း  ငါ့မှာအလင်းပျောက်နေဆဲ
အထီးကျန်မှုတွေ
အိတ်ထဲထည့်ရင်း  တနေ့တာခရီးဆက်ခဲ့ရတယ်♥♥♥
အချစ်တဲ့လားကွယ်
ကြိုတင်ပြင်ဆင်မှုမလိုချင်သလို မခုခံဘဲ
ငါ    ရင်ဖွင့်ပေးချင်ပါရဲ့♥♥♥
မရူးချင်ဘူးကွယ်
နို့ပေမယ့်
အလင်းတစ်စက်ကြောင့် ငါ့မှာ ညတွေနက်နေတုန်းပဲ♥♥♥
မနက်ခင်းရေ
ဖြစ်နိုင်ရင် ငါ့ကိုကျော်ခွသွားပေးစမ်းပါ
ခပ်ယဲ့ယဲ့ မျှော်လင့်မှုမျိုးနဲ့
ရူးသွပ်ခြင်းတွေ
တစ်တောင်ပြီးတစ်တောင် တက်ကောင်းနေတဲ့ငါ
မနက်ဖြန်ဆိုတာ
မျှော်လင့်ချက်တစ်ခုလို့ပဲ နားလည်ထားပါတယ်♥♥♥
အလင်းတစ်စက်ရေ
မင်းအတွက်
ငါပုံမှန်ထက် အသက်ပိုရှိုက်မိခဲ့ပြီ♥♥♥
မနက်ဖြန်တွေ မှောင်အတိကျနေခဲ့ပေမယ့်
ငါကတော့ အိမ်မက်ထဲမှာ
မင်းအပြုံးတွေ သီကုံးနေမိရင်းပေါ့♥♥♥
ဒါအိမ်မက်ပါ
လက်တွေ့ရဲ့တဖက်မှာ အခန့်သားတည်ရှိလို့
အမှောင်ထုကို ငါအတင်းဆွဲခွာချချင်နေဆဲ♥♥♥
မနေ့ကနဲ့ဒီနေ့တဲ့
အလွှာပါးပါးလေးခြားထားပေမယ့်
ငါ့အချစ်တွေ  အများအပြားနေထိုင်နေတယ်လေ♥♥♥
အလင်းတစ်စက်ရေ
ဒီကောင်ကတော့ ခပ်ကြောင်ကြောင်အတွေးတွေနဲ့
စိတ်ထဲမှာ ကတိတွေအကြိမ်ကြိမ်ပေးမိနေရင်း
မင်းအရိပ်တွေ
ငါ့စိတ်ထဲမှာ တရိပ်ရိပ်ပြေးနေတယ်ကွယ်♥♥♥
ဘီယာခွက်ကြီးလိုပေါ့
အလင်းတစ်စက်ရှေ့မှာ အမြှုပ်တွေတစီစီထပြနေရင်း
ရင်ခုန်သံတွေ ဂယောက်ဂယက်နဲ့
ဒီကောင် သည်းခြေပျက်နေပြီထင်ပါတယ်ကွယ်♥♥♥
ယိုင်နဲ့လွန်းပါတယ်ကွယ်
တတ်နိုင်သလောက် ကျားကန်ထားရင်း
ငါ့အိမ်မက်တွေ ခပ်ဝါးဝါးနဲ့ပါ♥♥♥
ဒီလိုပါပဲ
ငါအတင်းဖုံးထားပေမယ့် ကုန်းရုန်းထနေတဲ့အချစ်စိတ်တွေကြောင့်
အလင်းတစ်စက်ရေ
ငါမပိုင်တဲ့ မင်းရဲ့အပြုံးတွေ
ငါ့ကို      စားသုံးခွင့်ပေးပါကွယ်♥♥♥

No comments :