Saturday, December 1, 2012

"......ဖြစ်ဖဲ....."

    

မင်း ဆိုတာ
ငါအမြဲသုံးတဲ့စာလုံးတစ်လုံး
ကဗျာလားဆို၇င်လည်း ဟုတ်တယ်
ငါရဲ့   ဆိုရင်လည်း ဟုတ်တယ်
မင်းရဲ့ ဆိုတော့မှ မဟုတ်တော့တာပဲ။

အဆင်မပြေခဲ့ဘူး
ဆောင်းတခုလုံးတောင်မှ
နှင်း တစက်နှစ်စက်နဲ့
အသက်ဆက်နေရလို့။

သိသူတွေက ခေါင်းခါချိန်မှာ
မသိသူတွေက ခေါင်းညိမ့်နေကြပြန်ရော။

ငါကလည်း ငါပါပဲ
လူမသိသူမသိ မာနတချပ်
ပစ်ထုတ်လိုက်ခဲ့တယ်
မင်း ဆိုတာ ငါ့အတွက်
တချပ်ထဲနဲ့ ဖြစ်ဖဲပေါ့ကွယ်။