Friday, October 24, 2014

" ၀ှက်မထားတဲ့ ပဟေဠိ "

ဖြေဆေးမရှိတော့လည်း 
ဖြေတွေးလေးနဲ့ပဲသက်သာရာရှာရ
ဒုက္ခဆိုတာ မင်းလက်ဖ၀ါးထဲက
ပျားရည်တစ်စက်ပါ

အရှည်ဆုံးကြိုးတစ်ချောင်းနဲ့
အဝေးဆုံးကို ပြေးထွက်လာမိသူ
အချိန်တန်တော့
မင်းမျက်ဝန်းချည်တိုင်ကိုပဲ ပြန်လာခဲ့ရ

ရောမမြို့လား
ကယ်လီယိုပါထရာလား
ဟင့်အင်
နူးညံ့သော နှုတ်ခမ်းအစုံနဲ့
နွေးထွေးသော ပင့်သက်ကလေးတစ်ရှိုက်
ကိုယ်က အဲ့လိုမျိုး ကမ်းမမြင်အောင်
မိုက်တက်တယ်

Saturday, October 18, 2014

ဆောင်းကတ္တီပါ မြီးတို

နားရွက်နားဆီကလား
လက်ဖျားဆီကလား
ကိုက်...........နေဘီ
ခဲ................နေဘီ
ဘာကျန်သေးလဲ
ဒဏ်ရာတွေနဲ့ ပလူးပလဲ
ဘာကျန်သေးလဲ
သတိရမှုတွေနဲ့ တရင်းတနှီး
ဒီပွဲက နောက်ဆုံး
ကဲ...........ပြုံးခန်းတွေ လာတော့မယ်
အဲ့ဒါ .......ပုံပြင်
အချိန်တန်ရင်
"ဂျို" ရှာမလား
"အမြီး" ရှာမလား
ဂျိုမရှိရင် အမြီးနှံ့ရတော့မယ်
သိပ်...........ကြောက်မနေနဲ့
ဒယ်ဒိုးထဲမှာ ဒုက္ခတွေ ပွက်ပွက်ဆူနေရုံကလေး
"ကျွန်တော် ရေကူးတတ်"
ဟိုး.........ဘက်မှာ သွားရပ်စောင့်
ကြည့်ထား.........
တခြားလူ ဘယ်လို"မီးကူး"ပြနေလဲဆိုတာ
ဒါ နှစ်ဆယ့်တစ်ရာစု
ဖြစ်နေတာချည်းမဟုတ်ဘူး
ပျက်နေတာလဲ လှစ်ခနဲ
(တကယ်)*4
ပြောတဲ့လူတွေ မကယ်နိုင်တော့ဘူး
အသက်ဆိုတဲ့ ကတ္တီပါဖိနပ်ကြီး
တဖြည်းဖြည်းနဲ့ အမြီးတိုလာဘီ.......... ။