Saturday, February 2, 2013

အတွေးကမ္ဘာ

မီးမှိတ်လိုက်တဲ့အသံ
နောက်ဆွဲတွဲမှာပဲ
အနာဂတ်ကို ပင်စင်ပေးရင်း
အတိတ်ကိုပဲ
ခပ်အေးအေး ခပ်ဖြည်းဖြည်းတွေးတုန်းတာ်
ကြည့်ဖူးတဲ့ ရုပ်ရှင်ကားလိုပဲ
မင်းပါတဲ့အခန်းကိုပဲ ကွက်ကြားမိုးရွာပေးတုန်းပါကွယ်။
င့ါအသံတွေကတော့
အခန်းနံရံတွေကြားမှာ စိမ့်ဝင်ပျောက်ကွယ်
ဒီအတိတ်တွေနဲ့ပဲ သံသရာလည်နေတယ်။
ဘဝရဲ့ပြေးလမ်းပေါ်မှာ
ဘယ်ညာမှန်မှန် အတူနင်းနိုင်ဖို့
"သမီးတို့ချစ်ခြင်းကို မခွဲပါနဲ့" လို့
အကျယ်ကြီးအော်ပြောလိုက်စေချင်တယ်။
ကံကြမ္မာကြီး ဖန်တီးပေးထားတာက
ကြွေတော့မယ့် ထန်းသီးနဲ့
နင်းမိသွားတဲ့ ကျီးတဲ့
ဒီလောက်ကြီး ရင်းနှီးထားပြီးမှတော့
လောကဓံကို............. ကြောက်ကန်ကန်လိုက်ရအောင်ချစ်သူရယ်။
အတိတ်လမ်းမှာ ပန်းတွေနဲ့ခင်း
ခပ်ကြမ်းကြမ်းနင်းခဲ့ပြီးတော့မှ
ရင်ခုန်သံတွေ "တင်ဒါ" ပြန်ခေါ်ခိုင်းရမှာလည်း
နှလုံးသားကို အားနာသင့်ပါတယ်ကွယ်။
ယိုင်နဲ့နေတဲ့ အချစ်တွေအတွက်
ကျားကန်ထားတဲ့ မျှော်လင့်ချက်နဲ့
ဒီကောင် .............................အသက်ဆက်နေတာပါ
ခပ်ပါးပါးလေးပါကွယ်
ဒါပေမယ့် မင်းပုတ်လိုက်တာမို့
ငါ့ရင်ဘတ်တခြမ်း တဖြန်းဖြန်းကွဲတယ်
မတားပါနဲ့
မင်းသမီးမပါလည်း ငါဆက်ကပါရစေ
မင်းအကြောင်းတွေတွေးရင်း
အိမ်မက်ထဲမှာ .....................ငါ
အသက်ရှုကြပ်နေတုန်းပါပဲ

No comments :