အချစ်က
တချို့လူကို ကြိုးဆွဲသလို
တချို့လူက
အချစ်ကို ပြန်ကြိုးဆွဲ
ဒ်ီခောတ်မှာ
အသည်းနည်းနည်း မာဖို့လိုမယ်။
ကြားရပြန်ပြီ
ဟိုလူ/ဒီလူတွေပျက်စီး
ကျုပ်ဇနီးလောင်းလေး မပါဖို့အရေး
"အံမယ်လေး!" တနေရ။
ခောတ်ကိုက
အရောင်တွေ အနံ့တွေများ
အကုသိုလ်တွေ လူကြိုက်များ
"လူပျံ"တွေ သိပ်ခောတ်စားတယ်။
ကျွန်မအပြုံးက သိန်းဘယ်လောက်တန်
တကယ်ပဲဗျာ.......
အဲအကြည့်က "ရောင်ပြန်"ပဲရှာလို့။
မာယာတွေ"ထောင်"တန်ကုန်တဲ့
အချစ်ပင်လယ်ပြင်ထဲ
ငါးသလဲထိုးတစ်ကောင်ကတော့
ရင်တွေ ကွဲပြီးကွဲ။
(ကွိုင်ပဲကွာ)လို့ ငါးမိနစ်တခါ
ထထအော်တတ်တဲ့ ချစ်သူနဲ့
အနေအထိုင်မတတ်တဲ့ ကျွန်တော်။
တော်ပါပြီဗျာ
မောင်စေတန်မှာမိန်းမတွေ (၁)လုတာများတဲ့
ဒီခောတ်ရဲ့ အငွေ့အသက်ကြား
မင်းအပြုံးတွေကို
မင်းခယောကျာင်္း/ငါ......စဉ်းစားရအုံးမယ်။
No comments :
Post a Comment