Saturday, February 2, 2013

"ကန်ထုတ်မိသောအကြောင်းအရာများ(၄)"

၁။ အရာရာတိုင်းအား အလွယ်တကူ ဆုံးဖြတ်ချက်မပေးသင့်ဟုထင်ပါသည်။   
    လူတစ်ယောက် နေကြာစေ့ထိုင်ဝါးနေနိုင်ြခင်းသည် ငွေကြေးချမ်းသာမှုကြောင့်
    အပူအပင်မရှိမှုကြောင့် သော်လည်းကောင်း ၊ ငွေမရှိသော်လည်း အပျင်းပြေ
   ထိုင်ဝါးနေခြင်းသော်လည်းကောင်း  ဖြစ်နိုင်ပေသည်။
၂။ လူတန်းစားအခြေအနေကွာခြားသော မိန်းမတစ်ယောက်နှင့် ယောကျာင်္းတစ်
   ယောက်သည် ခပ်ပေါပေါအနုပညာဖန်တီးမှုထဲတွင်သာ ချစ်ကြိုက်လက်ထပ်
   နိုင်ပါသည်။"အချစ်တွင် မျက်စိမရှိ"ဟုဆိုပါက ရာနှုန်းပြည့်မှန်ကန်ပါကြောင်း
  မည်သူသက်သေပြနိုင်မည်နည်း။သဘောတရားများသည် လူအများ၏ထောက်
  ခံမှုဖြင့်သာ ရပ်တည်ရှင်သန်နိုင်ကြောင်း မမေ့သင့်သည်မှာ အမှန်ပင်ဖြစ်သည်။
၃။ "မရှိမာနက ပိုကြီးသည်" ဟုဆိုကြပေသည်။မရှိခြင်းတွင် ကြီးနေသောအရာ
    သည် မရှိခြင်းတွင်သာ တွင်ကျယ်နေနိုင်မည်ပေလော။မည်သူစတင် သုံးနှုံး
   သွားမှန်းမသိသော်လည်း ထိုစကားအား  ကျွန်ုပ်လက်ခံနိုင်မှု လျော့ပါးလာပါသည်။
၎။ ဖွင့်ထားသောစိတ်များ တံခါးမပိတ်ကြပါရန်။အမှန်တရားသည် အမှန်တရား
   အဖြစ်နှင့်သာ သီးခြားရပ်တည်နေပါသည်။(သီးခြားရပ်တည်နေပါသည်)
   အခန်းတံခါးများ ဖွင့်ထားသောကြောင့် ဝင်လာသော အမှိုက်သရိုက်များသည်
   ခေါင်းစဉ်အမျိုးမျိုးဖြင့် ဝင်လာသော်လည်း အလိုအလျောက်ပြန်ထွက်သွားလေ့
   မရှိခြင်းကြောင့် စိတ်တံခါးများ ဖွင့်ထားကြပါ။
၅။ "ဓါတ်တူနာမ်တူ ဆေးဘက်ယူ"ဆိုသည့်စကားမှာ အဘယ်မျှမှန်နိုင်မည်ဖြစ်
    ကြောင်း မတွေးနိုင်သေးပေ။လောလောဆယ်အနေအထားအရ မြန်မာ
   အမျိုးသမီး"ဘော"လုံးအသင်းက ပိုမိုဖြစ်ထွန်းနေသည်ဆိုလျှင် မှားသည်ဟု
   ဆိုနိုင်လိမ့်မည် မထင်ပေ။
၆။ ယုံကြည်ချက်နှင့် အနာဂတ်ကင်းမဲ့စွာနေထိုင်လာခဲ့ရသော လူတစ်ယောက်၏
    ဘဝဇာတ်လမ်းသည် ခလုတ်ဖွင့်ရ်ျ သေတ္တာထဲတွင်ပိတ်ကာ ရိုက်ကူးထားသော
   ခပ်မှောင်မှောင် ရုပ်ရှင်ဇာတ်ကားသာဖြစ်ပေမည်။
၇။ အရာရာကို အကောင်းဘက်ကမြင်ရမည်ဟု ပြောသောသူများအား
    မိုးထဲလေထဲတွင်ပစ်ထားသော CD တစ်ချပ်အားထိုင်ရ်ျ ကြည့်ခိုင်းချင်ပါသည်။
   တချို့အရာများသည် ငါးကျပ်သားလောက်သုံးရ်ျတွေးကြည့်မှပင် အဆင်ပြေနိုင်
    ပေသည်။မယုံလျှင် အာလူးအား အလုံးလိုက် သင်,ကြော်စားကြည့်ပါလေ။
၈။ မွေးရာပါ ရုပ်ကြမ်းသူများသည် ပတ်ဝန်းကျင်၏မြှောက်ပင့်ပေးမှုကြောင့်
    လူကြမ်းဘွဲ့အား ရရှိနိုင်ပေသည်။သို့သော် ထိုလူ၏စိတ်တွင် အားငယ်မှုရှိနိုင်
    သည်။သတ္တိမရှိဟု အပြောခံရမည်အားကြောက်လန့်စိတ်ဖြင့် ကြောက်ကန်
    ကန်ကာ လူမိုက်နာမည်အား မရဲတရဲရယူထားပေသည်။
၉။ အပင်နိမ့်လျှင် သေးပန်းခံရမည်။အပင်မြင့်လျှင် လေတိုက်ခံရမည်ဟု
    ဂုဏ်ယူဝင့်ကြွားစွာပြောနေသူများအား ရယ်ချင်ပါသည်။ သင်ပေါက်ရောက်
    ရှင်သန်ရာ နေရာသည်သာ အရေးကြီးသည်မဟုတ်ပါလော။အပင်နိမ့်စဉ်
    တွင် သူယုတ်မာစကားပြောသူများသည် လေတိုက်ခံရချိန်ရောက်ပါက
    သူတော်ကောင်းစကားများမြွှက်ကြားတတ်သည်မှာ ထူးဆန်းအံ့မထင်ပေ
၁၀။ပုတ်သင်များ မျိုးတုန်းစပြုလာပြီဟု ကြားမိချိန်တွင် အံ့သြခဲ့မိပါသည်။
     အရာရာတိုင်းအား မစဉ်းမစား ခေါင်းညိမ့်လက်ခံပေးခဲ့သော "လူပုတ်သင်"
      များ ရှင်သန်ကြီးထွားပွားများလာသလောက် လူပုတ်သင်၏ဆရာဖြစ်သော
     သာမန်ပုတ်သင်များ ဇာတ်နာနေပါသည်။ပေါင်းသင်းဆက်ဆံရေးတွင်
     အောင်မြင်ချင်ပါက ဦးနု၏ မိတ္တဗလဋီကာအား မဖတ်ပါနှင့်။လူပုတ်သင်သာ
     လုပ်ပါလေ။
၁၁။"အနင်းခံရသော စပါးပင်သည် ပိုရ်ျသန်မာသည်"ဟုကြားမိပါသည်။သင်
     ယုံကြည်ပါက"အာမို"မဖျန်းဘဲ စပါးတခင်းလုံး လိုက်တက်နင်းနေပါလေ။
၁၂။ဘဝတွင်ရွေးချယ်ရသည့်ကိစ္စများမှာ များပြားပါသည်။ပစ္စည်းတစ်ခုအား
     အပိုင်ဝယ်ချိန်တွင် guarantee နှင့် user manual စာအုပ်တွင် အဘယ်
    အရာသည် ပိုရ်ျအရေးကြီးကြောင်း နားလည်ရပေမည်။ချစ်သူရည်းစား
    အတွဲများ ကွဲပြဲနေကြပေသည်။
၁၃။ယုံကြည်မှုဖြင့် ပေါင်းသင်းနေကြသည်မှာ မှန်ပါ၏လော?။သင်မကောင်းလျှင်
    တခါတော့ခံပေးရမည်ဟုဆိုရ်ျ ယုံကြည်မှုသက်သက်ဖြင့်ချွတ်ပြခဲ့သော
    မိန်းမတစ်ယောက်သည် ယုံကြည်မှုကြောင့်ပင် နာမည်ကျော်သွားနိုင်သည်။
    စစ်မှန်သော ယုံကြည်မှုကိုသာ အကြွင်းမဲ့ယုံကြည်အပ်ပေသည်။
၁၄။ဆင်းရဲသော လူတန်းစားများအတွက် "သမုဒ္ဒရာဝမ်းတစ်ထွာ" ဟူသော
     စကားအား အလွန်ပင်ခံစားချက်ကြီးကြီးဖြင့်ပြောဆိုကြပါသည်။မည်သူ
    ပိုသောက်နိုင်သနည်းဟု ယှဉ်ပြိုင်ရ်ျဘီယာသောက်နေကြသော
    သူဌေးသားလူငယ်တစ်စုအား ဆိုင်ပိုင်ရှင်မှ "သမုဒ္ဒရာဝမ်းတစ်ထွာကွ"ဟု
    မြှောက်ပင့်ပြောဆိုသွားခဲ့ပါသည်။ထိုအကြောင်းအရာနှစ်ခု မတူညီသကဲ့သို့
    အကျိုးရှိသွားပုံခြင်းမှာလည်း ကွဲပြားပါသည်။စကားလုံးတိုင်းသည်
    လူတိုင်းအတွက်တော့ဖြင့် အကျိုးမရှိနိုင်ပေ။

၁၅။အထင်သည် အထင်သာဖြစ်ရ်ျ အမှန်တရား မဟုတ်နိုင်ပေ။ လူအနည်းငယ်သာ
     လျှင်သိသော ကိစ္စအား လူအများဝိုင်းဝန်းပြောဆိုနေကြခြင်းမှာ မထူးဆန်းတော့
   ဟုဆိုချင်ပါသည်။"ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား"ဆိုသော
    စကားပုံတွင် မည်သူကံကောင်းရ်ျ မည်သူကံဆိုးသွားကြောင်း သင်သိပါစ?။
    ငရုတ်သီးနှင့်ဆား သည်ရောရ်ျစားသော်ငြား အရသာသီးခြားသာထွက်လာပေ
    သည်။သို့သော် အန္တရာယ်ရှိသောအရာများ  ခေတ်စားပါသည်။

No comments :