အပ်နဲ့ လွဲသွားနိုင်တဲ့
အပ်ချည်ကြိုး တစ်စ
လေထဲမှာလေ
(အသံတွေ)2................။
ကိုယ်က သက်ဝင်လှုပ်ရှားချိန်မှာ
မင်းက အသက်မဲ့နေခဲ့တော့
မမြင်ရတဲ့ မနက်ဖြန်ကိုပဲ
ငါတွေးနေရတယ်။
အသိမပေးခဲ့ဘူး
အသံလာရာကို လှမ်းမျှော်ကြည့်မိတော့
နှလုံးသားတစ်စုံ တုန်ခါကုန်ပြန်ပြီ။
တစ်စက္ကန့်လောက်
မင်း ငြိမ်ပေးခဲ့ဖူးသလား?
အသိအမှတ်ပြုမခံရတဲ့ မနက်ဖြန်ဆိုမှတော့
ဘာမှမဟုတ်တဲ့ အတိတ်ပဲဖြစ်လာမယ်လေ။
အချစ်ရယ်
မင်းအပြုံးလေးတစ်ပွင့်ရဖို့အရေး
ကွင်းလယ်ကနေ
ငါ့ရင်ခုန်သံတွေ လှမ်းလှမ်းကန်နေရတာပေါ့ကွယ်။
No comments :
Post a Comment