ရှာလိုက်ရတဲ့စကားလုံးတွေ
တွေ့မယ်တွေ့တော့
နှလုံးသားထဲမှာ ပုံလို့။
လူတစ်ချို့ကတော့
နှလုံးသားတွေစင်ကြယ်ဖို့အရေး
ရေလောင်း/ရေဆေး
ကျုပ်အချစ်က အဖြူရောင်ပန်းချီ။
မမေ့သေးဘူးလားကွာ?
ကျေးဇူးပြုပြီးမရယ်ပါနဲ့
အချစ်ကို ရေလောင်းပေါင်းသင်နေတယ်။
အိမ်မက်တွေ သူ့ဘာသာသူ
ကြိုးစင်တက်တဲ့နေ့
ဒီအချစ်ကို မေ့မယ်။
ကဲဗျာ ထားလိုက်ပါတော့။
ကျုပ်ကလူကောင်သာ သေးတာ
ယောကျာင်္းမာနတော့ ထွားတယ်။
No comments :
Post a Comment