Saturday, February 2, 2013

သို့/...........ကံကြမ္မာ

ကံကြမ္မာရေ......
ခေါင်းကျကျ ပန်းကျကျလို့ပြောတုန်း
ငါ့ကိုအရှုံးတွေပဲ ချချပေးတော့မှာလား?
အတိတ်တွေထမ်းထားတဲ့ ငါ့ကို
အနာဂတ်လမ်းအတွက် ခပ်ကြမ်းကြမ်းအချစ်တွေနဲ့
ရှင်သန်ခွင့်ပေးတဲ့မင်းကို ကျေးဇူးတင်ပါတယ်......
အချစ်နဲ့ပတ်သက်ရင်
နောက်ကျောဘက်ကို ပြန်မကြည့်ရဲလောက်အောင်
မှားခဲ့မှန်းလည်းသိပါရဲ့
ခွင့်လွှတ်မှုမပေးရင်တောင်
ရက်စက်မှုတွေပဲပေးနေတဲ့မင်း
ခပ်ပြင်းပြင်းလေး နှိပ်စက်လိုက်စမ်းပါအုံးဗျာ......
တကယ်ပဲငါခံစားခဲ့တဲ့...
ရယ်သံတွေရဲ့ဘေးမှာ
ဝမ်းနည်းမှုတွေပါပါရဲ့.......
ပျော်ရွှင်မှုတွေရဲ့ဘေးမှာ
စိုးရိမ်မှုတွေပါပါရဲ့............
ယုံကြည်မှုတွေဘေးမှာ
သံသယတွေပါပါရဲ့ကွယ်......
ငါ့အနာဂတ်မှာ
မင်းဖျောက်ခဲ့တဲ့ ချစ်တတ်တဲ့နှလုံးသား.......
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပြန်ထားခဲ့ပါလားလို့မပြောတော့ပါဘူး.....
လှပတဲ့နှုတ်ခမ်းတိုင်းမှာ
ပိရိသေသပ်တဲ့ လှို့ဝှက်မှုတွေထည့်ထားမှန်း
အဆိပ်တက်တဲ့ အိပ်ပျက်ညတွေထည့်ထားမှန်း
ရူးသွပ်စေတဲ့ အပြုံးတွေထည့်ထားမှန်း
မသိခဲ့ရိုးအမှန်ပဲမို့ .....
ငါ့လက်ထဲကိုရောက်နေတာ
နောင်တတွေမှန်း ငါမကြည့်ဘဲသိပါတယ်လေ....
တတ်နိုင်တဲ့ဘက်ကနေ ငါခံထားပေးခဲ့ပေမယ့်
ငါ့မိဖုရားဘယ်မှာမှန်း ရမ်းသန်းပြီးတော့လာမပြောပါနဲ့လေ
ဘဝရဲ့တဖက်နားဆီက ရှိုက်သံသဲ့သဲ့ငါကြားတိုင်း
အရူးတပိုင်းလို မတမ်းတတော့ပါဘူး...........................
ချန်နေခဲ့တာလား ???
ချန်ထားခဲ့တာလား???
မင်းမစဉ်းမိတာတွေ   များနေပြီကံကြမ္မာရေ..................
တကယ်လို့များ.........
ကုသိုလ်ကံအလှည့်ပေးရင် မင်းကို .........
အနီကတ်လေးတော့  ပြလိုက်ချင်သေးပါရဲ့..........

No comments :