Saturday, February 2, 2013

"...အချစ်၌ပြန်လည်စီးမျောခြင်း...."

အတွေးတွေကတော့
သပွတ်အူလိုပဲ ရှုပ်ရှက်တွေခတ်လို့
ငါ့အခန်းထဲမှာတော့
ပုံဖော်နေကြဖြစ်တဲ့ မင်းမျက်နှာလေးရှိတယ်♥♥♥
သက္ကရာဇ်တွေ ပြောင်းကုန်ပြီလား
ဟောင်းနွမ်းကုန်တဲ့  စိတ်ကူးတွေကတော့
ဟိုတစ်စ ဒီတစ်စ
အလွမ်းတွေနဲ့   ငါ့မှာ(ခဏ)2
ခလုတ်တိုက်လို့ကောင်းနေတုန်း♥♥♥
တယုတယ မွေးမြူထားတဲ့အလွမ်းတွေလေ
ရက်ရက်စက်စက် ရိုက်မသတ်ချင်လို့
ရင်ဘတ်ထဲမှာ သိမ်းထားလိုက်မိတယ်
တခါတလေမှာ
တခုတ်တရနဲ့  မင်းကိုလွမ်းချင်သေးလို့
လမ်းကြုံရင်တော့
မင်းကိုထုတ်ပြပါအုံးမယ်ကွယ်♥♥♥
တခါတရံ ပြဇာတ်ဆန်ဆန်ပဲ
ငါ့အလွမ်းတရံကို မင်းစီးသွားလိုက်ပါ
ငါ............လမ်းပျောက်နေတယ်♥♥♥
လောကဓံတွေကြောင့်
ငါ့နှလုံးသား ကျုံ့ဝင်သွားသလို
အဆင်ပြေခဲ့ရင်တော့ အလွမ်းတွေက
ဒေါင်လိုက်တွေ ဖြစ်တည်ကြပါရဲ့♥
ရုတ်ရုတ်သဲသဲ လွမ်းမိတဲ့အခါကျတော့
ငါ့ကမ္ဘာက မှောင်အတိကျနေပြန်ရော♥
တကယ်တော့
မင်းကိုဘယ်လောက်လွမ်းပါတယ်ဆိုတဲ့အကြောင်း
ငါ့မျက်နှာကြက်ကတော့ ကောင်းကောင်းသိပါတယ်♥♥♥
တနွေပြီးတနွေကုန်သွားတိုင်း
တခါထက်တခါ ပိုကျုံ့ဝင်သွားသလိုဖြစ်နေပေမယ့်
အချစ်ကိုမျှော်ကိုးမှုက
တခါထက်တခါ  ဖြစ်တည်မှု ပိုခိုင်မာလာတယ်♥♥♥
ပန်းကလေးေ၇
သေဆုံးနေခဲ့တဲ့ ငါ့နှလုံးသားက
တဆတ်ဆတ်ခုန်နေလေရဲ့♥♥♥
တကယ်ပါပဲ
မင်းအပြုံးတွေ ဒီလောက်ရိုက်ခတ်နေမှတော့
ငါ့နှလုံးသားဆိုတာ
ဘာသားနဲ့ထုထားတာမို့လို့လဲကွယ်♥♥♥
ပေစောင်းစောင်းလူတစ်ယောက်ပါ
မင်းအတွက် ငါ့ရင်ထဲမှာ
ရေလောင်းထားတဲ့ ပန်းတခင်းရှိတယ်♥♥♥
ဒါပါပဲကွယ်
လူသားထဲက လူသားဆန်စွာ
အတ္တ၊မာနတွေ ကင်းမဲ့ဇုန်မှာ
နားလည်မှုတွေ ရေလောင်းပေါင်းသင်ရင်း
အချစ်ကို ပြန်လည်ဦးညွှတ်ချင်မိတယ်♥♥♥

No comments :