Saturday, February 2, 2013

"ကန်ထုတ်မိသော အကြောင်းအရာများ (၃)"

ချခင်းထားတဲ့လမ်းမှာ မနင်းခဲ့ဘူး
ခံစားချက်အစစ်ဖြစ်ကြောင်းပြဖို့
မှတ်ပုံတင်ပဲ လာလာတောင်းတယ်
ခြေဖဝါးမှာ သွေးခြေဥမှာကြောက်တဲ့သူ!။

အရာတိုင်းဟာ မျက်စိတစ်မှိတ်မို့
မျက်တောင်မခတ်ရဲလောက်အောင်
ငါ   စွဲလမ်းခဲ့တာ။

အသစ်တွေ  နေရာရဖို့ဆိုပြီး
အဟောင်းတွေ နောက်ဆုတ်ပေးရသတဲ့
ငါ့အသက်တောင် အာမခံချက်မဲ့ပါတယ်
သေသွားရင် ဘာမှမရ။
လွမ်းနေရင်  ဘာမှမရ။

ပစ်ဖဲတွေတိုင်း မဆွဲနဲ့
ဘယ်လောက်ပဲ သွေး,ရဲရဲ
ဒီပွဲမှာ ငါပဲရှုံးတယ်
ငါ့ဇာတာ အခြေအနေမကောင်းဘူး။

မနေ့က  ဒီလိုပါပဲ
ဒီနေ့     ဒီလိုပါပဲ
တတ်နိုင်သလောက်
ခပ်ပါးပါးလေးပုတ်သွားကွယ်
တခါတခါ......
ဘဝသမိုင်းမှာ  ဒဏ်ရာလောက်လှတာ
ဘာမှမရှိ။

စဉ်းစားထားမိပါရဲ့
မင်းအပြုံးတွေ
နှစ်ရှည်လများသိမ်းထားဖို့
ကမ္ဘာကျော်အောင်နေသွားဖို့က
မင်းရဲ့တာဝန်!။

No comments :