Tuesday, December 4, 2012

"........သတိရမိတဲ့ ည....."



နှင်းတွေရဲ့အောက်မှာ
ညက အသက်ရှုသံပြင်းလို့
ဖြစ်တည်လာတဲ့ သတိရခြင်းတွေကို
ကြောင်တစ်ကောင်လိုပွေ့ဖက်ရင်း
ခပ်ဖြည်းဖြည်း ပွတ်သပ်ပေးနေမိတယ်။

အတွေးတိုင်းမှာဝှက်ထားတဲ့ သူမနဲ့
ဖြစ်ပေါ်လာတဲ့ သတိရခြင်းတို့
ခေတ္တတွေ့ဆုံချိန်
ဟောဒီရင်မှာ လစ်ဟာသွားတာ
သူမဆီက သတိရခြင်းတွေပဲ။

ချစ်ရသူကို ချစ်နေရုံထက်
ဘာမှမလုပ်ပေးနိုင်ခြင်းဟာ
အကျဉ်းကျခြင်း တမျိုးပဲလား?

ငါ့ကမ္ဘာကတော့
ဒီလိုနဲ့ လင်းလာလိုက်
ဒီလိုနဲ့ မှောင်သွားလိုက်
အလွမ်းသီချင်းနဲ့ ပွတ်တိုက်မိတဲ့ညတိုင်းအတွက်
ကောင်းကင်ကြီးကို
လန့်မနိုးစေချင်ဘူးကွယ်
ခပ်ဝါးဝါး ဆေးလိပ်ငွေ့တွေထဲမှာ
မင်းကို ငါတွေ့နေလို့ပါ။