Saturday, February 2, 2013

"အသဲကွဲ အမှာစာ"

ဝေဒနာက ဝေဒနာစစ်မှန်ကြောင်းပြဖို့
တခါတခါကျတော့ အသိစိတ်မှာ
သူက သေလိုက်ရှင်လိုက်။

အသဲမကွဲပါဘူး ပြောသူတစ်ယောက်ရဲ့
လျှာထက်မှာ တောက်ခေါက်သံတစ်ချက်က
ပက်လက်ကြီးထွက်တယ်။

ဒီလိုမှန်းသိရင်ကွာ ဆိုပေမယ့်
ကြိုးတန်းမှာ အလှမ်းခံလိုက်ရတဲ့
အချစ်က မာယာပူထဲမှာရှုံ့မဲ့လို့။

အဆင်ပြေရင် အရက်သောက်ပြီးမေ့မယ်လို့
ခဏခဏကြားနေရတဲ့ ရင်ခေါင်းသံ
အေးဆေးပါလို့ အစာငတ်လေသံနဲ့ပြောရင်း
ရေခဲရိုက်ထားတဲ့ အပြုံးမို့
အေးစက်စက်နိုင်နေပြန်ရော။

အသားတဖတ်ကို ဆတ်ခနဲကောက်ဝါးရင်း
ငါတို့ နှလုံးသားတွေကျ
အာဟာရပြတ်နေတယ်။

ရိုးရိုးသားသားပုံေ၇ာင်းတဲ့ ကန်စွန်းရွက်တောင်
အမည်းရောင်လူတချို့က ရေထိုးကြသေး
အဆီစား အသားစား ခံစားချက်စား
ခေတ်ပေါ်အလှတ၇ားက နှုတ်ခမ်းတွေဆန့်ထုတ်တိုင်း
သူမအပြုံးထောင့်က ငွေရောင်တွေဟိုပြေးဒီပြေး။

ဒီလိုက်ကာက မင်းချမှကျတော့မှာ
အလကားရတဲ့ နွေ/မိုး/ဆောင်းထဲ
ခေါက်ထားလိုက် ဖွင့်ဆောင်းလိုက်
အတိတ်က ဒီလိုနဲ့သံချေးကိုက်သွားမှာပါကွာ

No comments :