Monday, December 31, 2012

အရောအနှောကင်းကင်း မုသာဝါဒအားလိုအပ်မိခြင်း

ခေါက်ရိုးကျိုး နေထိုင်ပုံတွေနဲ့
မနက်ဖြန်တွေဟာ ကန္တာရဆန်ဆန်
ကျူထရံကြားက ချောင်းကြည့်မိတော့
လမင်းက သစ်ရွက်နောက်ကိုပုန်း
အိမ်မက်ရဲ့အထက်မှာ အိမ်မက်တည်ရှိ
ဘဝနှစ်ခုခတ်ယူနိုင်မှသာ နှလုံးသားမှာနွေးထွေးခြင်းကိုရတော့
အချစ်မှာလမ်းသလား မကြည့်ရဲတော့။

နေဝင်ခြင်းရဲ့တစ်ဘက်မှာ လမင်း
ငါ့ရဲ့တစ်ဘက်မှာ    ငါသာတည်ရှိ
ဆောင်းနေဖြစ်၍ အပူရှိန်ပိုပြင်းကြောင်း
မထမ်းနိုင်တော့သော လမ်းပေါ်တွင်
လွှတ်ချထားခဲ့သော သံယောဇဉ်
မမြင်ရဲတော့တဲ့ အတိတ်
စိတ်ဝိဥာဉ်မှာပါ ချိတ်ပိတ်ပစ်မယ်။

အနေအထိုင်မတတ်တော့
ငှက်ကလေးတွေကိုဖမ်း၇တာပျော်ခဲ့
ဝိေ၇ာဓိတွေစားရတာပျော်ခဲ့
ကိုယ့်ကိုကိုယ်ကြက်ခြေခတ်ပစ်ရတာပျော်ခဲ့
ခံစားချက်တွေကို လက်သီးဆုပ်ထဲထည့်၇တာပျော်ခဲ့
မိန်းမပျက်လို မေတ္တာတရားခပ်ကျဉ်းကျဉ်းအတွက်
ခန္ဓာကိုယ်တစ်ခုလုံး ရင်းနှီး
ပန်း၏ဘေးတွင် ရနံ့ရှိမှန်း
ပွတ်သပ်ကုတ်ဖဲ့၍ မရတော့သောနှင်းဆီဆူးမှသက်သေခံသောကြောင့်
ရေရောထားသော်လည်း ခပ်ခါးခါးခံစားချက်
မနက်ဖြန်အတွက် အောက်ဆီဂျင်သာအဓိကလိုကြောင်း
အမှန်တရားကြားတွင် အမှားများဖြည့်စွက်ရောနှော
သင်နှင့်ပတ်သက်သော အရာများတွင်
မုသာဝါဒဖြစ်ပါကလည်း အရောအနှောကင်းကင်းသာစားသုံးချင်သည်။

သွားပေတော့ 2012 ရေ

အဲဒီ 2012 ပေါ့
ကျုပ်စားခဲ့တဲ့အဆိပ်တွေ
အတိတ်ဆိုတဲ့ဖျင်အိတ်ထဲကို
လျှောခနဲလွှတ်ချပေးလိုက်တယ်
အဲဒီ 2012 ပေါ့
အရာရာမှာ အဆိပ်တက်
ထွေးရခက် မျိုရခက်နဲ့
အမိမြေရဲ့ မနက်တွေကလည်း
သွေးတက်စာတွေများလွန်းခဲ့တယ်
အဲဒီ 2012 ပေါ့
အပြုံးတချို့နဲ့ အောင်မြင်မှုတစ်စက်နှစ်စက်
ဘဝ၇ဲ့အထက်မှာ မြူခိုးတွေရိုက်ပေးခဲ့တယ်
ယူသွားကွာ
အထီးကျန်မနက်ခင်းတွေ
ကောလဟာလသတင်းတွေ
ခံစားချက်ခပ်ပြင်းပြင်းတွေ
ဘဝရဲ့ ဝိရောဓိတွေ
အရာရာဟာ ထိလွယ်ရှလွယ်မို့
ခွင့်ပြုချက်မပေးလိုက်ရဘဲနဲ့
ကျုပ်သွေးတိုးခဲ့ရတာများတယ်
ကဲပါလေ
သင့်ကိုလွှတ်ချပြီးသကာလ
ကျုပ်ရင်ထဲက သွေးတိုးကျပါ၇စေတော့