Saturday, February 2, 2013

"ခပ်ဖျော့ဖျော့ အနီ"

မတွေးတော့တဲ့အတွက်
မသိတာပဲ ပိုင်တယ်
မချစ်တော့ဘူးဆိုတော့လည်း
ရင်ခုန်သံစီးကြောင်းက
ကောက်ကြောင်းတွေ လှခဲ့လို့။

ဆွဲထုတ်လို့ မရတိုင်း
ထိုးထည့်ထားလိုက်တဲ့ အပြုံးတွေ
စိတ်ကြောင့် စိတ်မှာအရိပ်ထင်တယ်
သူမဟာ"မတိကျတဲ့မိုးလေဝသ သတင်း
ရင်ဘတ်ခြင်းညိုတတ်မှ နားထောင်"။

ဆောင်းရိပ်အောက်မှာ ဖျော်ထားတဲ့ကော်ဖီ
ပျင်းရိခြင်းတွေ ပျော်ဝင်နေတဲ့အရက်ခွက်
အိမ်မက်တွေ သိပ်ကြာစေချင်တဲ့ငါ
သူမဟာ အရာအားလုံးထက်
ငါ့အတွက်  ဆေးဖက်အဝင်ဆုံးအရာ။

ဘယ်တော့မှမထွင်းနိုင်တဲ့ ချစ်ခြင်းအတွက်
"စိတ်ကို စိတ်နဲ့ကိုင်ပေါက်
ရင်ဘတ်ပဲ ပို,ပိုအောင့်လာခဲ့"
ငါ့ရင်ခုန်သံ ခုခံအားနည်းတယ်။

ရင်ခုန်သံနှစ်ခု အညှိ
သက်ပြင်းချသံ ခပ်တိုးတိုး
ဘယ်လောက်ဖိုးချစ်ရမလဲ?
ရင်ခုန်သံတော့ နှစ်ဆမြန်ထားကွာ
ကြော်ငြာတွေ သိပ်မပါစေနဲ့။

No comments :