တိမ်တိုက်ကို အစိုးမရသလို
စိတ်တွေက တောင်ေ၇ာက်မြောက်ရောက်။
ခရီးတွေ ဘယ်လောက်သွားသွား
အခေါက်ခေါက်သယ်နေကြတဲ့ အတ္တတွေစားရင်း
လူတချို့ကတော့ ထွားထွားလာကြ။
လောကဓံက ပြင်းတယ်
လူသားဆန်မှုတွေ သံချေးကပ်လို့
မနေ့ကအရင်းလေး သေဆုံး။
တချို့က ပြုံး။
တချို့က မဲ့။
လိုချင်ပါတယ်လို့ပြောရင်း
ထုတ်ပေးလိုက်ရတဲ့ မေတ္တာတရားတွေလား
ဟိုနားမှာထားခဲ့
ဒီမှာ အလုပ်ရှုပ်နေတယ်။
မမေးတော့ဘူးလား မနေ့ကအချစ်အကြောင်း
သစ္စာတရားတွေ
ဒီနေ့ ဈေးကောင်းရသတဲ့။
ခောတ်ရေစီးကြောင်းက ကြမ်းတယ်
ကျုပ်......
တိတ်တိတ်လွမ်းမယ်။
မာနတွေဆေးထိုးမှားလို့
ကျုပ်လည်းဖျားတယ်
ဒီတစ်ခါ
"ဦးသီ"လို့မခေါ်ရင်
"ဖေ့စ်ဘုတ်"ပေါ်က ခုန်ဆင်းမယ်။
(စာကြွင်း၊ ။နေကိုမစားနိုင်လို့ လကိုပဲမျိုနေရ
ခဏ ကျုပ်အိပ်အုံးမယ်
ဟိုမှာနေမင်း ခုန်ဆင်းနေပြီ။)
No comments :
Post a Comment