ကိုးဖြာမကတဲ့သဲ
ကောင်မလေးရေ....
စစ်မက်လည်းမဆန် သံတမန်လည်းမဆန်တဲ့
မင်းရဲ့အစိုးမရတဲ့ အမူအရာတွေကြားမှာ
ကိုယ်က ကိုယ့်ဂိုးကို ပြန်သွင်းနေမိခဲ့သူ
ပရိယာရ်မကြွယ်တောမကျွမ်းတဲ့မုဆိုး
ဒါကြောင့်ကိုယ်ဟာသားကောင်
ကိုယ်ရှာဖွေနေတဲ့ အပြာရောင်နူးညံ့မှုတွေဘယ်မှာလဲ
ကြယ်စင်လေးကြွေကျလာမလားလို့
ကန္တာရလိုရင်ဖွင့်စောင့်ခဲ့တဲ့ကောင်ပါ
ဒါပေမယ့် ပူလောင်ခြင်းတွေပဲထပ်ခါထပ်ခါရခဲ့
ညတာရှည်အိပ်မက်တွေမများပဲ
အိပ်မက်တစ်ခုထဲနဲ့ညတာရှည်နေခဲ့သူ
ကမ္ဘာကကိုယ့်ဘက်အခြမ်းမှာပဲ ထစ်ချုန်းဝေနေခဲ့တာကြာပါပြီ
နောက်ဆုံးတော့ .......
မင်းကဆွဲဆောင်တဲ့ မော်စကိုမြို့
ကိုယ်က ရွှေသမင်အလိုက်မှားတဲ့နပိုလီယံ
ကိုယ့်အဘိဓါန်မှာ ဘာတွေရေးရမယ်မသိတော့ဘူး