Saturday, February 2, 2013

" ဝိဥာဉ်နှင့် နှီးနှောခြင်း"

ငါ့အတွေးတွေ မီးခိုးထဲမှာပျော်တိုင်း
ဟန်ချက်ပျက် စိတ်နဲ့ရုပ်ကြောင့်
ဒီရုပ်ကြီးက ထိုင်ရမလိုထရမလို။

အိမ်မက်တွေ ဆင်ဆာဖြတ်ဖို့
နေ့တပိုင်း ညတပိုင်းဓါးနဲ့
အားနာပါးနာ ခွဲထုတ်ခဲ့။

နံရံကပြုတ်ကျသွားတဲ့ စိတ်ဝိဥာဉ်
*လွင့်မျော* လို့ပဲ  အော်ကွာ!
တိမ်တိုက်လိုပဲ လွင့်မယ်
မြစ်တစ်စင်းလို မမျောဘူး။

ငါ့အတွေးမှာ...........
ငါပဲ မေးတယ်
ငါပဲ ဖြေတယ်
ငါ့စိတ်နဲ့ငါ ရန်ပွဲကင်းချင်တယ်။

ဖြစ်နိုင်ရင် ဆိုပြီး
ကျောသပ်သွားတဲ့ အတွေးတွေထင်စာရင်
လက်ပစ်ဗုံးကိုပဲ စနက်တံဖြုတ်လိုက်မယ်။

အတွေးတွေ
မနေ့က ချည်လိုက်
ဒီနေ့ကျ ဖြည်လိုက်
အဆင်မပြေချင်တော့ကျလည်း
မသိစိတ်ကမွေးထားတဲ့ အတွေးတွေတောင်
သိစိတ်က သတ်သတ်စားတယ်။

တကယ်ပဲ..............
ငါ့အတွေးက ဗို့အား ၁၆၀၀
သတိ အန္တာရယ်ရှိတယ်။

No comments :