Saturday, February 2, 2013

"စိတ်ကူးယဉ်"

မပူပါနဲ့ချစ်သူ
ဒီဇာတ်လမ်းမှာ
မင်းရယ်
ငါရယ်
အချစ်ရယ် ပါတယ်။

အဖြူရောင် အိပ်ရာခင်းက
ဂျပိုးတစ်ကောင်အတွက် သတ်ကွင်းလေ
ချစ်ခြင်းတွေသာဖြန့်ခင်းထားလိုက်ပါကွယ်
ဝေးကွာခြင်းဆိုတာ................


မင်းအချစ်တွေ
ဖြူစင်ဝင်းလဲ့တဲ့တနေ့
ကျုပ်ကမ္ဘာမှာ
ရာသီဥတု သာယာလိမ့်မယ်။

ပေါရိသာရဝင်စားမိတဲ့လူမို့
လက်ညှိုးထောင် သစ္စာထား
မေ့ထားလိုက်ပါချစ်သူရယ်။

မလွမ်းချင်ဘူးချစ်သူ
ပန်းကြဲထားတဲ့ အတိတ်လမ်းမှာ
အိမ်မက်အနမ်းတွေက
ဟိုတစ်ပွင့် ဒီတစ်ပွင့်
အပြိုင်အဆိုင် ကြွေလွင့်လို့။

ချစ်သူရယ်
အချစ်က
ပြာလဲ့လဲ့ ပန်းချီကားတစ်ချပ်ပါ
ကြည်စင်တောက်ပဖို့အရေး
ကျုပ်နှလုံးသွေးနဲ့  အမြဲဆေးထားမိပါရဲ့ကွယ်။

No comments :