Saturday, February 2, 2013

"ဘဝင်မကျမှု"

မီးတောက်မဖြစ်လာဖို့ဆိုပြီး
မီးခိုးပဲထွက်ပြလိုက်ရတဲ့
ငါ့ရဲ့ဘဝင်မကျမှုတွေပေါ့။

ပြောပါတော့ကွယ်
ရင်ခွင်နန်းတော်တခုလုံး
မင်းတက်သိမ်းတုန်းက
အပြုံးတချက်တောင် မပစ်ဖောက်ခဲ့ရပါဘူး။

ရူးသွားစမ်းပါစေကွယ်
မင်းကျေနပ်ဖို့တဲ့
ဝက်တစ်ကောင်က
အစာတွေ နင် ပြရတယ်။

ငါ့ဘဝမှာစိမ်းလန်းဖို့
တချို့ပေါင်းမြက်တွေကို
ထူထပ်ခိုင်းထားဆဲပါ။

တတ်နိုင်သမျှ ရင်ကြားပြန်စေ့ဖို့
ပုပ်သိုးတော့မယ့်အချစ်တွေ အသင့်ပြင်ထား။

အစားထိုးခံလိုက်ရတာလား?
"ဂွတ်"ခနဲ ကျကွဲတဲ့အသံ
လှည့်မကြည့်တော့ဘူး 
ငါ့နှလုံးသားမှန်းသိနေပြီ။

No comments :