Saturday, February 2, 2013

"ဒီလိုပဲလုပ်ကြရအောင်"

သူငယ်ချင်းရေ
ဘာမှန်းမသိတဲ့ မနက်ဖြန်ကို
မျှော်လင့်ချက်တွေနဲ့ လုံးထွေးပစ်ခတ်ရင်း
ခြေစုံပစ်ဝင်ရကြတယ်။

လောကဓံနဲ့ ကန်နေတဲ့ဘောလုံးပွဲလိုပါပဲ
ငါဆွဲလာတဲ့ အောင်မြင်မှုက
လူကြိုက်များဖို့လိုတယ်။

အလယ်လပ်လည်း မတတ်နိုင်တော့ဘူး
လူပီသကြောင်းပြဖို့
ချမ်းသာသလောက် မာနလေးနဲ့
အလှမ်းကျယ်ကြရမှာပဲ။

လှည့်တယ် ပတ်တယ်
လိမ်တယ် ခေါက်တယ်
ဝံပုလွေတွေရဲ့ လက်ခုပ်သံပဲလိုတယ်လေ
ဘောလုံးရဲ့ "ကာလာ"သိဖို့မလိုဘူး။

တတ်နိုင်သလောက်တော့ ရိုးရိုးသားသားပေါ့ကွာ
ငါတို့တွေက
ဘာသာတရားကို ဖဲ့မစားဘူး
ယဉ်ကျေးမှုကို ဖဲ့မစားဘူး
နိုင်ငံကို ဖဲ့မစားဘူး
လူမျိုးကို ဖဲ့မစားဘူး
ဖြစ်နိုင်သလောက်
အဆံချောင် Hero တွေကိုရှောင်ကွာ။

မျိုချပစ်ဖို့ လိုအပ်လာတော့လည်း
မိုးခါးရေတွေ ပေါ့နေခဲ့ရင်
ဆားခတ်သောက်ကြတာပေါ့။

No comments :