မြို့ပြရဲ့အသွားထက်လှတဲ့လမ်းမတွေထက်မှာ
ကျွန်တော်စီးထားတဲ့ဖိနပ်ကနည်းနည်ပါးပြီး
ကျွန်တော်ခေါင်းကနည်းနည်းမာတယ်
သိုးရေခြုံ ကွန်ကရစ်ယဉ်ကျေးမှုတွေထဲ
နှာခေါင်းပေါက်ခြင်းအတူတူ အသက်ရူတာခြင်းကွဲ
အသက်ရူတာခြင်းအတူတူ သွေးခုန်နူန်းခြင်းကွဲ
သွေးခုန်နူန်းခြင်းအတူတူ ခံစားချက်ခြင်းကွဲ
ခံစားချက်ခြင်းအတူတူ ခံယူချက်ခြင်းကွဲ
ခံယူချက်ခြင်းအတူတူ ရပ်တည်မှုခြင်းကွဲ
ရပ်တည်မှုခြင်းအတူတူ
မြင့်မြင့်မကြံပဲ ရိုးရိုးကျင့်နေခဲ့တဲ့လူမိုက်
ကျွန်တော့်ကို အမေဘာကြောင့်မရိုက်ခဲ့ပါသလဲ
ကြယ်တွေတိုင်း နာမည်မရှိနိုင်သလို
နာမည်တိုင်းကြယ်တွေ ဖြစ်မလာတဲ့သူတွေထဲ
ကျွန်တော်ဟာအမှောင်အတိလင်းတဲ့ကြယ်
ဘယ်ကမ္ဘာမှကျွန်တော့်ကိုရှာဖွေမတွေ့ရှိသလို
ဘယ်ကမ္ဘာကိုမှကျွန်တော်ခရီးပြင်းမနှင်ခဲ့ဘူး
ကျောတစ်နေရာစာဘွဲ့လက်မှတ်နဲ့
အိပ်မက်တွေလူတန်းမစေ့နိုင်တဲ့အခါ
ကျွန်တော်သင်ခဲ့တဲ့အတတ်တွေကအတုတွေလား
အမှန်တရားဆိုတာ အမှားတရံကို စီးထားတဲ့သူရဲကောင်း
အိပ်ရာဝင်ပုံပြင်တွေလည်းဟောင်းခဲ့ပြီ
နောက်ဆုံးတော့ ........
ဘ၀ကဘ၀ကို ဖဲ့စားပြီး
ဘ၀ကိုဘ၀က ငြီးငွေ့
ကျွန်တော်တွေ့တဲ့ ကျွန်တော်ကလည်း
ကျွန်တော်သိတဲ့ ကျွန်တော်မဟုတ်တော့ဘူး
No comments :
Post a Comment