အချစ်နဲ့တွေ့တော့
ဘီယာတစ်ဗူးနဲ့လည်း
ငါ မူးတတ်လာတယ်။
မင်းနဲ့မတွေ့တော့တာနဲ့
အရိုင်းစိတ်က တန်းဝင်တော့တာပဲ။
အလွမ်းဆိုတာ
အရက်တစ်လုံး
တခါသောက်ထားရုံနဲ့
င့ါတသက်လုံး မူးရော..............။
လေထဲက အောက်ဆီဂျင်ထဲမှာ
လိုအပ်ခြင်း မင်းရနံ့များ
ဘဝရဲ့သမိုင်းစာမျက်နှာမှာ
ချစ်တယ်ဆိုတဲ့ စာတစ်ကြောင်း
ကောက်ကြောင်း အရမ်းလှဖို့
ဘယ်ဆီမှာ နေဝင်မှာလဲကွယ်..............
အချိန်မသိခြင်းရဲ့ ရပ်ဝန်း
ရောက်ရာအရပ်က ချစ်ခြင်းများ
ကြားရာအရပ်မှ အမြန်ပြန်လာပါ။
No comments :
Post a Comment