Monday, December 31, 2012

သွားပေတော့ 2012 ရေ

အဲဒီ 2012 ပေါ့
ကျုပ်စားခဲ့တဲ့အဆိပ်တွေ
အတိတ်ဆိုတဲ့ဖျင်အိတ်ထဲကို
လျှောခနဲလွှတ်ချပေးလိုက်တယ်
အဲဒီ 2012 ပေါ့
အရာရာမှာ အဆိပ်တက်
ထွေးရခက် မျိုရခက်နဲ့
အမိမြေရဲ့ မနက်တွေကလည်း
သွေးတက်စာတွေများလွန်းခဲ့တယ်
အဲဒီ 2012 ပေါ့
အပြုံးတချို့နဲ့ အောင်မြင်မှုတစ်စက်နှစ်စက်
ဘဝ၇ဲ့အထက်မှာ မြူခိုးတွေရိုက်ပေးခဲ့တယ်
ယူသွားကွာ
အထီးကျန်မနက်ခင်းတွေ
ကောလဟာလသတင်းတွေ
ခံစားချက်ခပ်ပြင်းပြင်းတွေ
ဘဝရဲ့ ဝိရောဓိတွေ
အရာရာဟာ ထိလွယ်ရှလွယ်မို့
ခွင့်ပြုချက်မပေးလိုက်ရဘဲနဲ့
ကျုပ်သွေးတိုးခဲ့ရတာများတယ်
ကဲပါလေ
သင့်ကိုလွှတ်ချပြီးသကာလ
ကျုပ်ရင်ထဲက သွေးတိုးကျပါ၇စေတော့

No comments :